ABOUT US

မျှော်မှန်းရည်သန်ချက်

ဖောက်သည်၏ လိုအပ်ချက်ကို အလေးထားလျက် နေရောင်ခြည်စွမ်းအင်သုံးစနစ်များကို စနစ်တရပ်လုံး စေ့ငုခြုံငုံစွာ ဒီဇိုင်းပုံစံထုတ် တည်ဆောက် တပ်ဆင်ပေးနိုင်သည့် တီထွင်ဆန်းသစ်မှုပိုင်း၌ ရှေ့ဆောင်သူ အဖြစ် ရှိနေစေရန်

လုပ်ငန်းတာဝန်

ထိုင်းနိုင်ငံ၏ စွမ်းအင်ကဏ္ဍဦးဆောင်ဦးရွက်အဖြစ် လုပ်ကိုင်ဆောင်ရွက်သွားရန်

ကုမ္ပဏီဖြစ်တည်လာမှုသမိုင်းကြောင်း

ကေကေ အင်နာဂျီ ရီဆော့စစ် ကုမ္ပဏီ လီမိတက် အစားထိုးစွမ်းအင်၊ ဆိုလာပြား တပ်ဆင်ပုံစံထုတ် စီမံကြီးကြပ်မှုဆိုင်ရာ ကျွမ်းကျင်သူ။ ဆိုလာစနစ် တပ်ဆင်တည်ဆောက်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများဆိုင်ရာ အတွက် ဝန်ဆောင်မှုပေးရန် အသင့်ပါ။

ကေကေ အင်နာဂျီ ရီဆော့စစ် ကုမ္ပဏီ လီမိတက် စွမ်းအင်လုပ်ငန်းနှင့် စွမ်းအင်ချွေတာရေး ဆိုင်ရာ ဒီဇိုင်းပုံစံထုတ် တည်ဆောက်တပ်ဆင်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုများ အပါအဝင် ဖောက်သည်အတွက် ရင်းနှီးမြှုပ်နှံမှု ငွေပင်ငွေရင်းရှာဖွေစီစဉ်ပေးမှု စသည့် လုပ်ငန်းကဏ္ဍတရပ်လုံးပြည့်စုံစွာ ဝန်ဆောင်မှုပေးနေသူ
ရုံးချုပ်တည်နေရာ – ခွန်းကင်ခရိုင်။ ကုမ္ပတွင်းနှင့်ကုမ္ပဏီအုပ်စုအောက်ရှိဝန်ထမ်းများအရေအတွက် – 70 ကျော် ကုမ္ပဏီမှ 15 MW အရွယ် ဆိုလာဖာမ်ကို ရင်းနှီးမြှုပ်နှံ လည်ပတ်နေပြီး၊ ထိုင်းနိုင်ငံတဝှမ်းနှင့် အာဆီယံနိုင်ငံများတွင်ပါ ဆိုလာအမိုးပြား (Solar Roof) စနစ်များကို လက်ခံ တည်ဆောက် တပ်ဆင်ပေးနေပါသည်။
Our experience
Solar Roof Top 70 MW++

ကေကေ အင်နာဂျီ ရီဆော့စစ် ကုမ္ပဏီ လီမိတက်

သန့်ရှင်းစွမ်းအင်ကဏ္ဍရဲ့ ထိပ်တန်းရှေ့ဆောင်။ ကျွန်‌တော်တို့က စွမ်းအင်အကြံပေးကုမ္ပဏီသက်သက် ဆိုတာထက် ပိုမိုပါတယ်။

စံနှုန်းထောက်ခံချက်လက်မှတ်များ

ISO 9001:2015 Certificate စံနှုန်းထောက်ခံချက် မိမိ၏ လုပ်ငန်းဝန်ဆောင်မှုကို ပိုမို တိုးတက်‌ကောင်းမွန်စေအောင် လုပ်ဆောင်လိုသည့် ကုမ္ပဏီအဖွဲ့အစည်း အတွက် အထူး အရေးပါသည့် ထောက်ခံချက်လက်မှတ်စံနှုန်း ဖြစ်သည်။ ဤထောက်ခံချက်လက်မှတ်စံနှုန်း ဆိုင်ရာ သတ်မှတ်ချက်စာတမ်းများသည် ကျွန်ုပ်တို့အား ထိရောက်သည့် စီမံခန့်ခွဲနိုင်မှု နှင့်အတူ စွန့်စားရမှုအန္တရာယ်အလားအလာ ကျဆင်းစေလျက် ဖောက်သည်အားရကျေနပ်ချက် ပိုမိုရရှိစေအောင် ကူညီပေးပါသည်။

Certificate ISO 9001:2015
solarcell
solarcell
solarcell

ဒါက ကျွန်တော်တို့ရဲ့ ကုမ္ပဏီပါ

ကေကေ အင်နာဂျီ ရီဆော့စစ် ကုမ္ပဏီ လီမိတက် အစားထိုးစွမ်းအင်၊ ဆိုလာပြား တပ်ဆင်ပုံစံထုတ် စီမံကြီးကြပ်မှုဆိုင်ရာ ကျွမ်းကျင်သူ။ ဆိုလာစနစ် တပ်ဆင်တည်ဆောက်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများဆိုင်ရာ အတွက် ဝန်ဆောင်မှုပေးရန် အသင့်ပါ။

ကျွန်ုပ်တို့ ကုမ္ပဏီအုပ်စုတွင်းအောက်ရှိ ကုမ္ပဏီများ

ခွန်းကင်ပိုက်ကွန် ကုမ္ပဏီ လီမိတက် (1977)

ကုမ္ပဏီအုပ်စုလုပ်ငန်း၏ အခြေခံအုတ်မြစ် စတည်ရာ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ငါးဖမ်းပိုက်၊ ပိုက်ကွန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ ဖြစ်၍၊ ကုန်ပစ္စည်းများကို “ရီယာဘိန်(ရွက်လှေ)တံဆိပ်”ဖြင့် ကမ္ဘာတဝှမ်း ဖြန့်ဖြူးရောင်းချပေးနေသည်မှာ နှစ်ပေါင်း 40 ကျော် ကြာမြင့်နေပြီ ဖြစ်ပါသည်။

ကေ အာ ပလပ်စတစ်စက်မှုလုပ်ငန်း ကုမ္ပဏီ လီမိတက် (1991)

သွားပွတ်တံမွှေး၊ အလှကုန်သုံးဘရပ်ရှ်တံမွှေးနှင့် အရည်အသွေးမြင့် ပလပ်စတစ်ဘရပ်ချ်အမွှေးများ ထုတ်လုပ်သူ။ ယနေ့ခေတ်၏ ခေတ်မှီနည်းပညာဖြင့် ကမ္ဘာနှင့်ရင်ဘောင်တန်း နိုင်ငံတကာအဆင့်မီစံနှုန်းဖြင့် မြင့်မားသည့် ထုတ်လုပ်မှုစွမ်းအား။

အော်တိုမိုးရှင်းဝါ့ခ် ကုမ္ပဏီ လီမိတက် (2013)

Intralogistics နှင့် အော်တိုမစ်တစ်ကုန်လှောင်ရုံ(AS/RS) စနစ်များအား ဒီဇိုင်းပုံစံထုတ်၊ တည်ဆောက်တပ်ဆင်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဖြစ်ပြီး၊ ကိုယ်တိုင် ပုံစံထုတ်ထားသည့် ကိရိယာပစ္စည်းများဖြင့် လောဂျစ်စတစ်ထောက်ပို့ရေးကွင်းဆက် အစမှအဆုံးအထိ စနစ်တရပ်လုံးကို ကျွန်ုပ်တို့မှ ကူညီဒီဇိုင်းရေးဆွဲ၊ တည်ဆောက်ပေးနိုင်ပါသည်။

ကေအိုင်ဂျီ ရီယယ်လတီ ကုမ္ပဏီ လီမိတက် (2014)

အိမ်ခြံမြေ၊ လုံးချင်းအိမ်၊ လူနေအိမ်ခန်းတွဲ၊ ကွန်ဒိုနှင့် လူနေတိုက်ခန်းတွဲ အိမ်ယာများ ဖွံ့ဖြိုးတည်ဆောက်ပေးနေသူ ဖြစ်၍၊ ခေတ်လူငယ်တို့လိုက်ဖ်စတိုင်လ်နှင့် လိုက်ဖက်ညီ ရည်မှန်းဖောက်သည်အုပ်စု၏ လူနေမှုပုံစံလိုအပ်ချက်ကို အလေးထား ဖြည့်ဆည်းလုပ်ကိုင်နေပါသည်။

ဘိုင်ပတ်စ် တက်နော်လော်ဂျီ ကုမ္ပဏီ လီမိတက် (2019)

ဖောက်သည်၏ အဖက်ဖက်မှ လိုအပ်အပ်များကို ဖြည့်ဆည်း ပေးနိုင်ရန် အော်တိုမစ်တစ်စက်ယန္တရားနှင့် ခေတ်သစ် နည်းပညာစနစ်များကို ဒီဇိုင်းပုံစံရေးဆွဲ၊ ထုတ်လုပ် တည်ဆောက်ပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

KK Energy Resources

စွမ်းအင်လုပ်ငန်းနှင့် စွမ်းအင်ချွေတာရေး ဆိုင်ရာ

KK Energy Resources

စွမ်းအင်လုပ်ငန်းနှင့် စွမ်းအင်ချွေတာရေး ဆိုင်ရာ

Scroll to Top